မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန အကြောင်း တစေ့တစောင်း


ဆရာတော် ဦးသုဇန(မြိုင်ကြီးငူဆရာတော်)သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ နို့ ထရွာဇာတိ ဖြစ်​ပြီး
စ​ကောကရင်​ လူမျိုးဖြစ်သည်။ ဆရာတော်၏ ရည်မှန်းချက် ပန်းတိုင်သည် ဗုဒ္ဓဘာသာ တည်တံ့ပြန့်ပွားရေးနှင့် ငြိမ်းချမ်း၍ သာယာဝပြောသော နေရာတခု တည်ဆောက်ရန် ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။

နောက်ပိုင်းတွင် ဆရာတော်သည် တောရ လှည့်လည် ဆောက်တည်ခဲ့သည်။ လှည့်လည်ရင်း ကမမောင်းမြို့နှင့် အလှမ်းမဝေးသော သံလွင်မြစ် အရှေ့ဘက်ကမ်းပေါ်ရှိ မြိုင်ကြီးငူ တောင်ကုန်းပေါ်သို့ ရောက်ရှိခဲ့ပါသည်။ ထိုတောင်ကုန်းပေါ်ရှိ ဘုရားပျက်အနီး၌ သီတင်းသုံးရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် နာမကျန်းဖြစ်ပြီး တီဘီရောဂါကို ခံစားခဲ့ရသည်။ တောင်ကုန်းပေါ်တွင် ၄၉ ရက်ကြာ အဓိဋ္ဌာန် တရားစခန်း ၀င်ခဲ့ပြီး နောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး နောက်ပိုင်းတွင် ပထမဦးဆုံး စေတီကို တည်ထားခဲ့သည်။ နှစ်ပေါင်း၂၀ အတွင်း ဆရာတော် ပြန်လည်ပြုပြင်မွမ်းမံခဲ့သော ဘုရားပုထိုးစေတီပေါင်း (၇၀) ကျော်ရှိသည်ဟု သိရ သည်။

၁၉၈၂ တွင် သက်သတ်လွတ် ဗုဒ္ဓဘာသာဝင် အသိုင်းအ၀န်းကို တည်ထောင်ခဲ့သူ သာမည ဆရာတော် ၏ သာဝက ရဟန်းတပါးလည်း ဖြစ်လာခဲ့သည်။ ဆရာတော်သည် မြိုင်ကြီးငူ မြို့ဟောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမြို့ ဟောင်းသည် ဘုန်းကြီး ကျောင်းဝင်းကြီး တခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

တောင်ပေါ်ဒေသ သာသနာပြန့် ပွားရေးဟူ၍ မြို့ ပြဒေသများနှင့် အ လှမ်းဝေးကွာသော တောင်ပေါ်ဒေသ ကရင်လူထုများကို စည်းရုံးသွတ်သွင်းကာ မြိုင်ကြီးငူဒေသသို့  ခေါ်ယူလာခဲ့လေသည်။ ၁၉၉၄ ခုနှစ်တွင် ထိုနေ ရာကို DKBA ၏ ဗဟိုဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။ ထိုဝင်းအတွင်း နေထိုင်သူ နောက်လိုက် တပည့်အားလုံးသည် ဆရာတော်၏ ကိုယ်ကျင့်တရား စည်းကမ်းကို လိုက်နာရသည်။

မြိုင်ကြီးငူဒေသတွင် ပြည်တော်ပြန်ဟု သတ်မှတ်ကာ မြိုင်ကြီးငူ ဆရာတော်၏ သြ၀ါဒများခံယူပြီး သက်သတ်လွတ်စားရခြင်း ၊ သစ္စာခံခြင်း ၊ သစ္စာရေသောက်ခြင်း ၊ အလှူဒါနပြုလုပ် ခြင်း ၊ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း၊ လမ်းတံတားဖောက်လုပ်ခြင်း များကို ပြုလုပ်ခဲ့ကြလေ သည်။

မြိုင်ကြီးငူ ဆရာတော် ဦးသုဇန သည် ကရင်ပြည်နယ်အတွင်း သြဇာလွှမ်းမိုးမှုရှိသည့် ဘုန်းကြီးတပါးဖြစ်ပြီး ကရင် လက်နက်ကိုင် များ ဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ၁၉၉၅ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU)ကနေ ခွဲထွက်ခဲ့တဲ့ ကရင်အမျိုးသားတပ်မတော် (DKBA) နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့အပေါ်တွင် သြဇာညောင်းသော ဆရာတော်တပါးဖြစ်သည်။

DKBAလက်နက်ကိုင်အဖွဲ့  သည် မိမိတို့ ၏ အမျိုး၊ဘာသာ၊ သာသနာ ကာကွယ်ရန်ဟူ၍ မြိုင်ကြီးငူအထူးဒေသတွင် ဘုရားကျောင်းကန်များ တည်ဆောက်ခြင်း၊ တံတားဆောက်လမ်ဖောက်ခြင်းစသော အမျိုး၊ ဘာသာ၊သာသနာလုပ်ငန်များကို စတင်လုပ်ဆောင်လျက်ရှိသည်။

ကရင်လူမျိုး အချင်းချင်း ဖြစ်ကြသည့် ပဋိပက္ခတွင် သိသာသော အချက်တချက် ရှိသည်။ ပိုးကရင်များသည် ဗုဒ္ဓ ဘာ သာဝင် လူအများစုဖြစ်ပြီး ကရင် အသိုင်းအဝိုင်းတွင် အဆင်းရဲဆုံးလည်း ဖြစ်သည်။ ပညာပိုတတ်ပြီး ချမ်းသာသော ကရင်များက ကိုလိုနီခေတ်မှစ၍ သူတို့ အပေါ် ဖိနှိပ်လာသည်ဟု ပိုးကရင်များက ခံစားရသည်။

မာနယ်ပလော ဌာန ချုပ်တွင် ဘုရားတည်ရန်အတွက် ကာလကြာမြင့်စွာကတည်းက တောင်းဆိုထားမှုကို ငြင်းပယ်ခံရခြင်းသည်လည်း ပိုးကရင်များ၏ ခံစားချက်ကို ပို၍ နက်ရှိုင်းစေသည့် ဖြစ်ရပ်များအနက် တခုဖြစ်သည်။

၁၉၉၄ ဒီဇင်ဘာလ နှင့် ၁၉၉၅ တို့တွင် KNLA တပ်ရင်းများမှ အစုလိုက် ခွဲထွက်၍ DKBA ကို စတင် တည်ထောင်ခဲ့ကြ သည်။ DKBAသည် ယခုအချိန်၌ အင်အား ၆၀၀၀ ခန့် ရှိနေပြီ ဖြစ်သည်။ KNU မှ ခရစ်ယာန် ဘာသာဝင်အများစု၏ ဦးဆောင်မှုအပေါ် အမြင်မကြည်မလင် ဖြစ်လာသည့် DKBA တပ်ဖွဲ့ဝင်များသည် ခရစ်ယာန်ဘာသာဝင်များ နေထိုင်ရာ နေရာများကို ထိုင်းနိုင်ငံထဲအထိပင် လိုက်လံတိုက်ခိုက်ခဲ့သည်။

နောက်ဆုံးတွင် စစ်အစိုးရတပ်များနှင့် ပူးပေါင်းခဲ့ပြီး ၁၉၉၅ ၌ KNU ၏ မာနယ်ပလောဌာနချုပ်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ဆရာတော်သည် ငြိမ်းချမ်းသော၊ အကြမ်းဖက်တိုက်ခိုက်မှုများ မရှိသော “သာသနာ့ ၀တ္တက” နယ်မြေတခု ဖန်းတီး ထားသည်ဟု ထောက်ခံသူများက ပြောကြသည်။ ထိုနေရာသို့ မြန်မာစစ်တပ်က မ၀င်ရဲပေ။

ဆရာတော်သည် စစ် အစိုးရက ကြိုးကိုင်ထားသော သံဃာ့အဖွဲ့အစည်းက ကပ်လှူသည့် ဘွဲ့တံဆိပ်တော်များကိုလည်း လက်မခံဘဲ ငြင်းပယ် ခဲ့သည်။ ဆရာတော်၏ ခေါင်းဆောင်မှုနှင့် လုပ်နိုင်စွမ်းကို ရည်ညွှန်းကာ ကရင်လူမျိုး ဒါယကာများက ဆရာတော်ကို “အဘိုး သူတော်စင်” ဟု ခေါ်ကြသည်။

ကြီးမားသည့် လျှို့ဝှက်ချက်များအနက် တခုမှာ ပျောက်ဆုံးနေသော ကရင်စာဖြစ်သည့် “ကြက်ယက်စာ” ကို ပြန်လည် ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။ ရှေးခေတ်နိမိတ် ဆိုရိုးစကားများအရ “ထိုစာကို ပြန်လည် ဖော်ထုတ်နိုင် ပါက ပိုးနှင့် စကောကရင်တို့ ပြန်လည်ပေါင်းဖွဲ့ကြမည်။ ဇွဲကပင်တောင်ပေါ်တွင် ကြက်များတွန်ကြမည်၊ ကရင့် ဖားစည် သံလည်း ကြားရလိမ့်မည်”ဟု ဆိုခဲ့သည်။

တနည်းအားဖြင့်ဆိုသော် ဆရာတော်ဦးသုဇနက ပြည်သူများ ကို စောင့် ရှောက်လိမ့်မည်၊ ငြိမ်းချမ်းရေး တည်ဆောက်လိ့မ်မည်၊ ကရင်အားလုံး ညီညွတ်ကြရန် ဆော်သြလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ကရင်ပြည်သူအများစု၏ စိတ်ကူးထဲတွင် ထိုအက္ခရာသည် ပျောက်ဆုံးသွားသော ကရင်ဉာဏ်ပညာ ဒဏ္ဍာရီစာအုပ်မှ ထွက်ပေါ်လာသော ဆရာတော်၏ ဘုန်းတန်ခိုး အာဏာကို ကိုယ်စားပြုသည်ဟု ထင်မှတ်ကြသည်။

 မြိုင်ကြီးငူဆရာတော်၏ သာသနာပြု လုပ်ငန်း အလှူ အတန်းများကို ဖော်ပြလျှင် ကုန်နိုင်မည် မထင်ပါ။ထို့ ကြောင့် မြိုင်ကြီးငူ ဆရာတော်၏ အထင်ကရ အလှူအတန်း များကိုသာ ရေးသား ပူဇော်လိုက်ပါသည်။
©Original.
®Daily Myanmar Media
မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန အကြောင်း တစေ့တစောင်း မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန အကြောင်း တစေ့တစောင်း Reviewed by Unknown on October 14, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.