Policy

The flap of the republic of the union of Myanmar


Daily Myanmar Media  ကို 2016ခုနှစ်တွင် မြန်မာအထက်တန်းကျောင်းသားလူငယ်တစ်စုက စတင်တည်ထောင်ခဲ့သည်။ တည်ထောင်သူများမှာ သီဟကိုကိုအပါဝင် နည်းပညာကိုစိတ်ဝင်စားသော သူငယ်ချင်းတစ်စုမှ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ တည်ထောင်စတွင် Global Myanmar Mediaဟူသောအမည်ဖြင့် သတ်မှတ်သုံးစွဲခဲ့ကြသော်လည်း မိမိတို့၏အဖွဲ့သည် နိုင်ငံရေးလှုပ်ရှားမှုမရှိသော ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဂုဏ်သိခ္ခါကို ဝေဖန်ထိခိုက်ခြင်းမရှိသော ၊ ဝါသနာဖြစ်၊ စေတနာဖြစ်တင်ဆက်ပေးနေသော လူငယ်တို့ရဲ့ စံပြမီဒီယာတစ်ခုဖြစ်သောကြောင့် 2018ခုနှစ်တွင် Global Myanmar Digital Media Personal Orgazinationဟု Global Myanmar Digital Mediaတည်ထောင်သူ လူငယ် အိုင်တီပညာရှင်လည်းဖြစ်သလို မြန်မာအသက်အငယ်ဆုံး Bloggerတစ်ယောက်လည်ဲးဖြစ်တဲ့ သီဟကိုကို(ချစ်မင်းကိုကို)မှ သတ်မှတ်အတည်ပြုကာ ယနေ့အချိန်တွင် Daily Myanmar ဟုသုံးစွဲတင်ဆက်လျက်ရှိသည်။ Daily Myanmarသည် စီးပွားရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေနှင့် လူထုအကျိုးပြု သတင်းများ အစီအစဉ်ကောင်း များကို ဥပဒေနှင့် ညိစွန်းခြင်းမရှိပဲ ကိုယ်ကျိုးမဖက် စေတနာ ဝါသနာအရင်းခံကာ ကိုယ်ပိုင်အရင်းအနှီးဖြင့် တင်ဆက်လာခဲ့သည်မှာ လက်ရှိအချိန်ထိပင်ဖြစ်သည်။

မူဝါဒများ
Daily Myanmarအင်တာနက် ဝဘ်ဆိုဒ်စာမျက်နှာသည် The Republic Of The Union Myanmar မှထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ နှင့် ဥပဒေများပေါ်တွင် တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ကာ ပြည်သူလူထု၏ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ကြိုးစားတင်ဆက်လျက်ရှိသည်။Daily Myanmarအင်တာနက် ဝဘ်ဆိုဒ်စာမျက်နှာ၏ Admins Group သည် အောက်ဖော်ပြပါ ကျင့်ဝတ်နှင့်အညီ အင်တာနက်စာဖတ်ပရိတ်သတ်များကို တင်ဆက်ပေးလျက်ရှိသည်။

နိုင်ငံတကာရေးရာ
နိုင်ငံတကာရေးရာသတင်းများအား ဘာသာပြန်ဆိုရာတွင် သုံးနှုန်းသည့် ဝေါဟာရများ၊စကားလုံးများ၊ ဝေဖန်သုံးသပ်ချက်များသည် နိုင်ငံတော်၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးရာမူဝါဒနှင့်အညီရေးသားသည်။

ဘာသာရေး
ဘာသာရေးဆိုင်ရာ သတင်းများအားရေးသားဖော်ပြရာတွင် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုများကို လှုံ့ဆော်သည့်သတင်းများ၊ ပြက်ရယ်ပြုခြင်း၊ စောင်းမြောင်းထိပါးခြင်း ၊ ဘာသာရေးကို ပုတ်ခတ်ရာရောက်သည့်ပြကွက်များ ၊ သတင်းဆောင်းပါးများကို ရေးသားတင်ဆက်ခြင်းမပြုပါ။

ခွဲခြားဆက်ဆံခြင်း
မသန်စွမ်းသူများအား မေးမြန်းသတင်းယူရာတွင် ခွဲခြားဆက်ဆံမှုမရှိပဲ ၄င်းတို့၏အခွင့်အရေးအား မြှင့်တင်ကာကွယ်သော သတင်းဆောင်းပါးများသာ ရေးသားတင်ဆက်သည်။

ကလေးသူငယ်များ
အရွယ်မရောက်သေးသော ကလေးသူငယ်များအား မေးမြန်းသတင်းယူရာတွင် မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ကို ရယူပါသည်။ (14.7.1993)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၉/၉၃ အခန်း(၅) ကလေးသူငယ်၏ အခွင့်အရေးများပါ ပြဌာန်းချက်များကို လိုက်နာ၍ရေးသားတင်ဆက်ပါသည်။

ပုဂ္ဂလိက လွတ်လပ်ခွင့်
လူတစ်ဦးချင်းစီ၏ လူ့အခွင့်ရေးဆိုင်ရာ ရပိုင်ခွင့်နှင့် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို မထိပါးသော သတင်းဆောင်းပါးများကို သာရေးသားတင်ဆက်လျက်ရှိသည်။

အသုံးပြုသူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ
Daily Myanmarအင်တာနက်ဝဘ်ဆိုဒ်စာမျက်နှာသို့ ဝင်ရောက်အားပေးဖတ်ရှုနေကြတဲ့ ပရိတ်သည်များအားလုံးသည် Admins Groupမှ ထုတ်ပြန်ထားသော အောက်ဖော်ပြပါစည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်
- Daily Myanmar အင်တာနက် ဝဘ်ဆိုဒ်၏ Server ကွန်ယက်အား Hacking Systemဖြင့်ဖြစ်စေ ၊ Virusဖြင့်ဖြစ်စေ အခြားသော နည်းလမ်းမျိုးစုံဖြင့် ချိုးဖောက်ဝင်ရောက်ခြင်းမပြုရ။
- Daily Myanmarဝဘ်ဆိုဒ်စာမျက်နှာ၏ ဂုဏ်သိခ္ခါ၊ မူပိုင်ခွင့် ကိုထိပါးစော်ကားစေသော အရေးအသားအပြုအမူများ အပြောအဆိုများ မပြုလုပ်ရ။
- Daily Myanmarအင်တာနက်ဝဘ်ဆိုဒ်စာမျက်နှာတွင် တင်ဆက်နေသော သတင်းဆောင်းပါးများ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များသည် အခြားသော Channelsများမှ ကူးယူဖော်ပြထားသော contentများပါရှိသလို မိမိတို့၏ မူပိုင်contentများလည်းပါရှိပါသဖြင့် ကူယူဖော်ပြရာတွင် Creditပေး၍ဖော်ပြကြပါရန် အသိပေးအပ်ပါသည်။

သဘောတူညီချက်များ
Daily Myanmar အင်တာနက်Websiteစာမျက်နှာ သတင်းဆောင်းပါးများသည် အခါအားလျော်စွာ အပြောင်းအလဲရှိနိုင်ပါသည်။
Daily Myanmarအင်တာနက်ဝဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသော ကျန်းမာရေး၊ပညာရေး၊လူမှုရေး၊ စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးများအားလုံးသည် အကြံပြုထားရုံ သက်သက်သာဖြစ်သည်။
ဤDaily Myanmarဝဘ်ဆိုဒ်စာမျက်နှာတွင် ပြင်ပLinkများပါရှိသည်။အဆိုပါ ပြင်ပLinkများကို ဝင်ရောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးဆက်အား Daily Myanmarမှ တာဝန်မယူပါ။

ဤထုတ်ပြန်ချက်အား (19.8.2018)ရက်နေ့တွင် Daily Myanmar Admins Group ၏ မူဝါဒ၊ စည်းကမ်းချက်၊ သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲမှ Adminအဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် တညီတညွတ်တည်း ထုတ်ပြန်သည်။

©Daily Myanmar Media
Policy Policy Reviewed by Unknown on October 04, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.