ဓမ္မတာဆန့်ကျင်လိင်တူကျူးလွန်မှုဖြင့် တရားစွဲခံရသည့် စားသောက်ဆိုင်ပိုင်ရှင်ကို ရုံးထုတ်


မယ့်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ် (ခ) အက်ဒီ ကို ဓမ္မတာနှင့် ဆန့်ကျင်တဲ့ ပုဒ်မ ၃၇၇နဲ့ တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာ အောက်တိုဘာ ၃ ရက်က ရုံးထုတ်စစ်ဆေးပါတယ်။

ဆိုင်ဝန်ထမ်းအမျိုးသားတဦးအား ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ လိင်တူကျူးလွန်မှု ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲတိုင်ကြားခံရကာ မတ်လ ၉ ရက်က ဖမ်းဆီး ထိန်းသိမ်းခံ ထားရတာပါ။



ဒီအမှုနဲ့ ပတ်သက်ပြီး တရားလိုဘက်ကသက်သေ ၁၁ ဦးတင်သွင်းထားကာ ၉ ဦးကို စစ်ဆေးပြီးဖြစ်ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့မှာတော့ မှုခင်းဆရာဝန်ကို သက်သေ ထွက်ဆိုဖို့ ချိန်းဆိုထားပါတယ်။
©DVB
Daily Myanmar News
ဓမ္မတာဆန့်ကျင်လိင်တူကျူးလွန်မှုဖြင့် တရားစွဲခံရသည့် စားသောက်ဆိုင်ပိုင်ရှင်ကို ရုံးထုတ် ဓမ္မတာဆန့်ကျင်လိင်တူကျူးလွန်မှုဖြင့် တရားစွဲခံရသည့် စားသောက်ဆိုင်ပိုင်ရှင်ကို ရုံးထုတ် Reviewed by Unknown on October 03, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.