ကျောင်းဆရာမထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးသည့် လူငယ် ၂ ဦးကို ဖမ်းမိ


မူလတန်းပြကျောင်းဆရာမတဦးဆီကနေ ပိုက်ဆံအိတ်လုယူ ထွက်ပြေးသွားသူ လူငယ် ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။
ဆရာမဟာ ကျန်းမာရေးမကောင်းတာကြောင့် ညနေကျောင်းလွတ်ချိန် ညောင်လေးပင်မြို့မှာ ဆေးဝယ်ယူပြီး ရန်ကုန်-မန္တလေးကားလမ်းဟောင်းအတိုင်း ပိန်းဇလုပ်မြို့ကို ဆိုင်ကယ်မောင်းနှင်ပြီး ပြန်လာချိန် ရဲလှကုန်းကျေးရွာနားအရောက်မှာ လူငယ် ၂  ဦး ဆိုင်ကယ်နဲ့ နောက်ကလိုက်လာပြီး ဆိုင်ကယ်ဘက်မှန်မှာ ချိပ်ထားတဲ့ ပိုက်ဆံအိတ်ကို လုယူထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
လုယူထွက်ပြေးသွားတဲ့ ပဲခူးမြို့နေ အသက် ၁၉ နှစ်အရွယ် ထွန်းထွန်းဝင်း (ခ) ရဲရင့် နဲ့ ကိုဖြိုး (ခ) လှမျိုးကျော်တို့ ၂ ဦးကို အလယ်ရွာကျေးရွာနားမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်လေးပင် မြို့မစခန်းမှူး ဒုရဲမှူး ဌေးဝင်းက ပြောပါတယ်။
“ဆရာမက အနောက်ကလိုက်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းတာကြောင့် အနီးအနားက ပြည်သူတွေ ဝိုင်းလိုက်ကြတယ်။ မလွတ်မှန်းသိတော့ ပိုက်ဆံအိတ်ကို ဗိုလ်ချုပ်ရုတုနားမှာချပြီး ပြေးကြတယ်။ ကျနော်တို့လည်း ပိတ်ဆို့မှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့ လိုက်လံဖမ်းဆီးတာ အလယ်ရွာကျေးရွာနားမှာ ဖမ်းဆီးရမိတယ်” လို့ ပြောပါတယ်။
ထွန်းထွန်းဝင်းနဲ့ ကိုဖြိုးတို့ နှစ်ဦးကို ညောင်လေးပင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
ကျောင်းဆရာမထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးသည့် လူငယ် ၂ ဦးကို ဖမ်းမိ ကျောင်းဆရာမထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးသည့် လူငယ် ၂ ဦးကို ဖမ်းမိ Reviewed by Daily Myanmar Media on October 21, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.