ဦးခေါင်းအလယ်တည့်တည့်ကို (၈)လက်မအရှည်ဓား စိုက်ဝင်ခဲ့ပေမယ့် အသက်မသေခဲ့သူ


အသက်(၄၁)နှစ်အရွယ် Yury Zhokhov အမည်ရ ရုရှားအမျိုးသားဟာ ဦးခေါင်းအလယ်တည့်တည့်ကို ဓားနဲ့ အစိုက်ခံထားရပေမယ့် အသက်လုံးဝ မသေးဘဲ၊ ရဲနဲ့ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေ ရောက်လာသည့်တိုင်အောင် သတိကောင်းစွာ ရနေသေးတယ်လို့ သိရပါတယ်။


Yury ကို အရေးပေါ်ဆေးကုသဖို့ ဆေးရုံပို့ပေးခဲ့ရာ ကံကောင်းထောက်မစွာပင် CT Scan အရ စိုက်ဝင်နေတဲ့ဓားဟာ ဦးနှောက်အလွှာနှစ်ခုအကြား ဝင်ရောက်ခဲ့တာဖြစ်ပြီး၊ အရေးကြီးတဲ့ ဦးနှောက်ဆဲလ်တွေကို လုံးဝ ထိမိခြင်းမရှိတဲ့အတွက် အလွန်ကံကောင်းတယ်လို့ ဆရာဝန်တွေက ပြောပါတာ်။

Yury ဟာ ဦးခေါင်းအလယ်မှာ ဓားစိုက်ဝင်လျှက်အနေအထားနဲ့ ကွင်းပြင်မှာ အေးအေးလူလူ ဒူးထောက်ထိုင်နေခဲ့တာပါ။ ရဲနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ ရောက်လာသည့်တိုင်အောင် သူဟာ သတိလည်နေဆဲဖြစ်ပြီး ” အသက်ရှုရတာ မဝမလို့ ခေါင်းကနေ အပေါက်တစ်ခု ဖောက်တာပါဗျာ “လို့ အော်ပြောပါသေးတယ်။



ပြီးတော့ ရဲတွေက ” ခင်ဗျားကို ဘယ်သူက ဓားနဲ့ထိုးသွားတာလဲ “လို့ မေးတော့ “ကျနော့်ဘာသာ ကျနော်ထိုးလိုက်တာပါ … အသက်ရှူရတာမဝလို့ အပေါက်တစ်ပေါက် ဖောက်တာပါ”လို့ ဖြေခဲ့ပါတယ်။ သူက ဆက်လက်ပြီး “ကျွန်တော့် နှာခေါင်းက အသက်ရှူလို့ မရတော့ဘူး … ဒါကြောင့် အပေါက်ဖောက်လိုက်တာ “လို့ ဆက်ပြောခဲ့ပါတယ်။



Yury ဟာ စက်ရုံစက်ပြင်ဝန်ထမ်းတစ်ဦးဖြစ်ပြီး၊ သူ့မှာ အသက်ရှူရ ခက်ခဲတဲ့ရောဂါ ရှိမရှိကိုတော့ သတင်းမှာ တိတိကျကျ ဖော်ပြမထားပါဘူး။ တစ်ချို့သတင်းတွေမှာတော့ Yury ဟာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့တာ ဖြစ်ပုံရတယ်လို့ ဖော်ပြနေကြပါတယ်။
®Daily Myanmar Media
နတ်စည်တော် (MyanmarNote)
ဦးခေါင်းအလယ်တည့်တည့်ကို (၈)လက်မအရှည်ဓား စိုက်ဝင်ခဲ့ပေမယ့် အသက်မသေခဲ့သူ ဦးခေါင်းအလယ်တည့်တည့်ကို (၈)လက်မအရှည်ဓား စိုက်ဝင်ခဲ့ပေမယ့် အသက်မသေခဲ့သူ Reviewed by Unknown on October 13, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.