ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ၂၀၀၈ ပညာသင်နှစ် အတန်းတင်စာမေးပွဲကို ၀င်ရောက်ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများသည် အနီးကပ်သင်တန်းများကို အချိန်ပြည့် တက်ရောက်ကြရန်နှင့် အချိန်ပြည့်တက်ရောက်ခြင်း ရှိ/မရှိ မှတ်တမ်းတင်စစ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ဌာနခွဲအသီးသီးတွင် အဆိုပါကြေညာချက်ကို ကြော်ငြာသင်ပုန်းများ၌ ကပ်ထားပေးကြောင်း လေ့လာတွေ့ရှိရသည်။
ထို့ကြောင့် အဝေးသင်တက္ကသိုလ်၏ အနီးကပ် ၁၀ ရက်သင်တန်းများကို ကျောင်းသား၊ ကျောင်းသူများ မပျက်မကွက်တက်ရောက်ကြရမည်ဖြစ်ပြီး တက်ရောက်မှုမှတ်တမ်းတွင် ပါဝင်အောင် စနစ်တကျအချိန်မီ လက်မှတ်ရေးထိုးကြရန် လိုကြောင်း သတင်းရရှိသည်။
"အနီးကပ်သင်တန်းများကို ဆရာ/မများလည်း အတန်းချိန်အမှန်တကယ် ၀င်ပေးရမယ်၊ ကိုယ်ဝင်တဲ့အတန်းမှာ တက်ရမယ့် ကျောင်းသား/သူတွေ အမှန်တကယ် လာရောက်တက်ခြင်း ရှိ၊ မရှိကိုလည်းစိစစ်ပြီး ပြန်လည်တင်ပြရမယ်၊ ဘာလုပ်မှာလဲဆိုတာတော့ ပြောလို့မရသေးဘူး၊ တစ်ခုခုပေါ့" ဟု ပြောသည်။
ယခုနှစ်၏ ဒုတိယအသုတ် အနီးကပ်သင်တန်းများကို စနေ၊ တနင်္ဂနွေ အပါအ၀င် အောက်တိုဘာ ၁၂ ရက်မှ ၂၁ ရက်အထိလည်းကောင်း၊ ဒုတိယအသုတ်၏ စာမေးပွဲများကို စနေ၊ တနင်္ဂနွေ မပါဝင်ဘဲ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၂ ရက်အထိလည်းကောင်း၊
တတိယအသုတ်၏ အနီးကပ်သင်တန်းများကို စနေ၊ တနင်္ဂနွေ အပါအ၀င် နိုဝင်ဘာ ၅ ရက်မှ ၁၄ ရက်အထိလည်းကောင်း၊ တတိယအသုတ်၏ စာမေးပွဲများကို စနေ၊ တနင်္ဂနွေ မပါဝင်ဘဲ နိုဝင်ဘာ ၁၉ ရက်မှ ၂၉ ရက်အထိ လည်းကောင်း လျာထားသတ်မှတ်ထားသည်။
©MOE
အဝေးသင်အနီးကပ်သင်တန်းများ အမှန်တကယ် တက်ရောက်ခြင်း ရှိမရှိ စိစစ်သွားမည်
Reviewed by Unknown
on
October 16, 2018
Rating:
Reviewed by Unknown
on
October 16, 2018
Rating:


