လူတစ်ယောက်ဟာ ဝတဲ့ ခနာကိုယ် ရှိမယ်ဆိုရင် ကြည့်ရတာ အရပ်ပုသလို ဖြစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့ စားသောက်ပုံကလည်း သင်အရပ်ရှည်ပြီး ကျန်းမာကြံ့ခိုင်စေပါတယ်။
ပရိုတင်းချည်းသီးသန့် များများစားပေးပါ။ပရိုတင်းတွေဖြစ်တဲ့ ကြက်ငှက်အသား၊ ငါး၊ ပဲပိစပ် နဲ့ နို့ထွက်ပစ္စည်းတွေဟာ ကြွက်သားကြီးထွားဖို့နဲ့ အရိုးတွေ သန်မာစေပါတယ်။ ရိုးရိုးကစီဓာတ်တွေဖြစ်တဲ့ ပီဇာ၊ ကိတ်မုန့်၊ သကြားလုံး နဲ့ ဆိုဒါတွေကိုတော့ ရှောင်သင့်ပါတယ်။ ကယ်လ်စီယမ်များများစားပါ။ ဟင်းနုနွယ်လိုမျိုး အစိမ်းရောင် အရွက် ၊ နို့ နဲ့ ဒိန်ချဉ်တို့မှာ ကယ်လ်စီယမ်ဓာတ်တွေ ပါဝင်ပြီးတော့ အရိုးအားကောင်းစေပါတယ်။ လုံလောက်သော ဇင့်ပမာဏကို စားပေးပါ။ ဇင့်ဟာ အရပ်ရှည်ဖို့အတွက် အများကြီး ပါဝင်ပတ်သက်မှု မရှိပေမယ့် ယောက်ျားလေးတွေမှာ ဇင့်ဓာတ် ချို့တဲ့မှု က အရပ်ပုတာနဲ့ ဆက်စပ်နေနိုင်တယ် ဆိုတာ လေ့လာတွေ့ရှိထားပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့အစာတွေကတော့ မုတ်ကောင်၊ သိုးသား၊ ကဏန်း၊ ဂျုံသီး၊ ရွှေဖရုံသီး နဲ့ မြေပဲ စတာတွေ ဖြစ်ပါတယ်။ ဗီတာမင် ဒီ လုံလောက်စွာ စားပါ။ဗီတာမင်ဒီ ဟာ ကလေးတွေမှာ အရိုးနဲ့ ကြွက်သားတွေ ကြီးထွားဖို့ အားပေးပါတယ်။ ဗီတာမင်ဒီ ချို့တဲ့ မယ်ဆိုရင်တော့ ဆယ်ကျော်သက် မိန်းကလေးတွေမှာ အရပ်ပုပြီး ဝလာစေတယ်လို့ တွေ့ရှိထားပါတယ်။ ဗီတာမင်ဒီ ကို ငါး နဲ့ မှို တို့မှာ တွေ့ရှိရပါတယ်။
၂။ ဆယ်ကျော်သက်အရွယ်နဲ့ မြီးကောင်ပေါက် တစ်လျှောက်လုံးမှာ လေ့ကျင့်ခန်းတွေ လုပ်ပါ
တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ ဆယ်ကျော်သက်မှာ အရပ်ရှည်ဖို့ ကူညီပေးပါတယ်။ အားကစားရုံမှာလေ့ကျင့်ပါ။ gym မှာသွားကစားခြင်းဟာ ကြွက်သားတည်ဆောက်ပေးတဲ့ လေ့ကျင့်စက်တွေနဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းမျိုးစုံကို လုပ်ပေးဖို့ ကူညီမှာပါ။ စိတ်ပါလက်ပါ လေ့ကျင့်ပေးဖို့ လည်းလိုပါတယ်။ မဟုတ်ရင် လေ့ကျင့်ခန်း မလုပ်ပဲ gymမှာ ပျင်းနေမှာပါ။ အားကစားလုပ်နေကျ အဖွဲ့နဲ့ ပူးပေါင်းပါ။ ဒီလို ပူးပေါင်းလိုက်ခြင်းအားဖြင့် အပြိုင်အဆိုင် လေ့ကျင့်ကြတာ ဖြစ်တဲ့အတွက် ကယ်လိုရီတွေ ပို လောင်ကျွမ်းစေပြီး အရပ်လည်း ပိုရှည်လာတာ တွေ့ရပါတယ်။ အဖွဲ့လိုက်ကစားတဲ့အတွက် လေ့ကျင့်ခန်းလုပ်ရာမှာ အချိန်ကုန်မှန်းမသိ ကုန်သွားတဲ့ အကျိုးကို ရစေပါတယ်။ ဒါတွေကို မလုပ်နိုင်ဘူးဆိုရင်တော့ အိမ်နားဝန်းကျင်ကို လမ်းလျှောက်ပါ။ တကယ်လို့ သင်ဟာ အပေါ်မှာဖော်ပြတာတွေ လုပ်ဖို့ အချိန် မရှိဘူးဆိုရင်တော့ စောစောထပြီး လမ်းလျှောက်ပါ။ စတိုးဆိုင်၊ ကျောင်းစာကြည့်တိုက်၊ ကျောင်း စတာတွေကို လမ်းလျှောက်သွားပါ။
၃။ ညတိုင်း အိပ်ရေးဝဝ အိပ်ပါ
အိပ်စက်ခြင်းဟာ သင့် ခနာကိုယ် ကြီးထွားဖို့ အချိန်ပေးလိုက်ခြင်းပါပဲ။ ဒါ့ကြောင့် များများအိပ်စက်သင့်ပါတယ်။ တကယ်လို့ သင်ဟာ အသက်၂၀အောက်ပဲ ရှိသေးတယ်ဆိုရင် တစ်ညကို စုစုပေါင်း ၉ နာရီကနေ ၁၁ နာရီကြား အိပ်ပေးသင့်ပါတယ်။ ခနာကိုယ်ရဲ့ pituitary gland က သဘာဝအလျောက်ထွက်တဲ့ ကြီးထွား ဟော်မုန်းဟာ အထူးသဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ အချိန်မှာ ထွက်လို့ဖြစ်ပါတယ်။
၎။ သင်ရဲ့ အရပ်အပုအရှည် ကို မျိုးရိုးဗီဇက အဓိကလွှမ်းမိုးတယ်ဆိုတာ နားလည်ပါစေ
သင့် အရပ်အပုအရှည်ကို မျိုးရိုးဗီဇက ၆၀% ကနေ ၈၀% ထိ လွှမ်းမိုးထားတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ကံမကောင်းစွာဘဲ သင့်မှာ အရပ်ရှည်တဲ့ မျိုးရိုးဗီဇ ပါ မပါ ကြည့်ရပါတော့မယ်။ ဒါပေမယ့်လည်း သင့်မိဘတွေက အရပ်ပုကြတဲ့အတွက် သင်လည်း မရှည်နိုင်ဘူးလို့တော့ ပြောတာ မဟုတ်ပါဘူး။ ဆိုလိုတာကတော့ သင့်မိဘတွေ အရပ်ပုတဲ့အတွက် သင်လည်း အရပ်ပုနိုင်တယ်လို့ပဲ ပြောတာပါ။
၅။ သင့်အရပ် ရှည်ထွက်မှုကို ရပ်တန့်စေမယ့် အရာတွေကို ရှောင်ပါ
အရပ်ရှည်ဖို့ လုပ်ရမယ့် အရာတွေက သိပ်မများပေမယ့် အခြားပတ်ဝန်းကျင် လွှမ်းမိုးမှုတွေကြောင့် အရပ်မရှည်ထွက်ခြင်းမျိုး မဖြစ်စေဖို့ လုပ်ရမယ့် အချက်တွေက များပါတယ်။ သင်ဟာ အသက်ငယ်တုန်းမှာ အရက်တွေ ဆေးတွေ သုံးစွဲမယ်ဆိုရင် အရပ်ပုမှာ ဖြစ်ပါတယ်။ အစာအာဟာရ ချို့တဲ့ခြင်းကလည်း အရပ်ရှည်အောင် ဖန်တီးပေးမှာ မဟုတ်ပါဘူး။ ကဖင်းဟာ တကယ်ကို အရပ်ပုစေပါသလား။ သိပ္ပံနည်းကျ လေ့လာမှု မှာတော့ ကဖင်းက အရပ်ပုစေတယ်လို့ မပြနိုင်ပါဘူး။ ဒါပေမယ့် ကဖင်းဟာ ပုံမှန် နှစ်ခြိုက်စွာ အိပ်ပျော်မှု ကို ထိခိုက်စေတယ်လို့ လေ့လာတွေ့ရှိပါတယ်။ ကလေးတွေနဲ့ မြီးကောင်ပေါက်တွေဟာ ၉နာရီကနေ ၁၁နာရီလောက် အိပ်ပေးဖို့ လိုပါတယ်။ ကဖင်းဟာ နှစ်ခြိုက်စွာ အိပ်ပျော်မှု ကို ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်ခြင်းက အမှန်တကယ် အရပ်ပုစေပါသလား? ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း နဲ့ တစ်ဆင့်ခံ ဆေးလိပ်သောက်ခြင်း ရဲ့ အကျိုးဆက် တွေကို မဖော်ပြတော့ပါဘူး။ Columbia University’s Internet Health Resource က ခုလိုပြောပါတယ်။ လေ့လာမှု တွေအရ များစွာ အကျုံး မဝင်ပေမယ့် ကိုယ်တိုင် ဆေးလိပ်သောက်တဲ့ (သို့) တစ်ဆင့်ခံ ဆေးလိပ်သောက်တဲ့ ကလေးတွေဟာ မသောက်သူတွေထက် အရပ်ပိုပုကြတာ ကို လေ့လာတွေ့ရှိကြပါတယ်။ စတီးရွိုက်(steroid) လို့ခေါ်တဲ့ ဆေးတွေဟာ တကယ် အရပ်ပုစေပါသလား? အမှန်ပါပဲ။ စတီးရွိုက်တွေဟာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ အရိုးကြီးထွားမှု ကို တားဆီးပါတယ်။ ဒါ့ပြင် သုတ်ကောင် အရေအတွက်လည်း လျော့နည်းစေခြင်း၊ ရင်သားသေးငယ်စေခြင်း၊ သွေးပေါင်တက်ခြင်းနဲ့ နှလုံး ရုတ်တရက် တိုက်ခိုက်ခံရဖို့ အခွင့်များစေခြင်း စတာတွေပါ ဖြစ်စေပါတယ်။ ရင်ကျပ်ရောဂါ ခံစားရပြီး steroid budesonide အနည်းငယ်ပါတဲ့ ရင်ကြပ်ပျောက် ဖြန်းဆေး သုံးနေရတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ steroid နဲ့မကုတဲ့ ကလေးတွေထက်စာရင် ပျမ်းမျှအားဖြင့် လက်မဝက်လောက် အရပ်ပုကြတာ တွေ့ရပါတယ်။
၆။ သင်ကြီးထွားမှု ရပ်သွားချိန်ဖြစ်တဲ့ အသက်၂၀ကျော်လာရင်တော့ အရပ်ရှည်ဖို့ မမျှော်လင့်ပါနဲ့တော့
ကလေးငယ်တော်တော်များများက သူတို့ကိုယ် သူတို့ ကြည့်ပြီး အရပ်မရှည်တော့ဘူးလား လို့ မေးကြပါတယ်။ တကယ်လို့ သင်ဟာ ၁၈နှစ် အောက်ဆိုရင်တော့ အဖြေက အရှည် ရှည်ဦးမှာပါလို့ ဖြေရပါမယ်။ သင့်မှာ သက်ကြီးကောင်ဝင်ဖို့ လက္ခဏာတွေ မပြည့်စုံသေးရင်တော့ ကြီးထွားမှု လည်း ရပ်ဦးမှာ မဟုတ်ပါဘူး။ သင် ဘယ်လောက် အရပ်ရှည်ဦးမလဲ စိတ်ပူမယ့် အစား သင့်မှာ အရပ်ရှည်ဖို့ အတွက် အချိန် နည်းနည်း ရှိသေးတယ် ဆိုတာကို တွေးပြီး ကျေးဇူးတင်လိုက်ပါ။
ကြူသင်း (MyanmarNote)
သဘာဝအတိုင်း အရပ်ရှည်အောင် ဆောင်ရန်ရှောင်ရန်များ
Reviewed by Daily Myanmar Media
on
October 21, 2018
Rating:
Reviewed by Daily Myanmar Media
on
October 21, 2018
Rating:


