သမိုင်းမှာ အကြီးကျယ်ဆုံး လုံခြုံရေးကျိုးပေါက်မှု ဖြစ်ပေါ်လာခဲ့ပါတယ်။
Facebook က အသုံးပြုသူ သန်း 30 တို့ရဲ့ email လိပ်စာနှင့် ဖုန်းနံပါတ်များကို ဟက်ကာများ ရယူသွားခဲ့ပါတယ်။ အဟက်ခံခဲ့ရတဲ့ သန်း 30 တို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်တဲ့ ဘယ်မှာနေတယ်၊ ဘယ်ဘာသာကိုးကွယ်တယ်၊ ရှာဖွေမှုမှတ်တမ်းတို့ကို ရယူသွားခဲ့ပါသေးတယ်။ ဟက်ကာများဟာ အသုံးပြုသူ 14 သန်းတို့ရဲ့ Username ၊ Gender ၊ Local / Language ၊ Relationship Status ၊ Religion ၊ Hometown ၊ Current City ၊ Birthday ၊ Device Type ၊ Education ၊ Work ၊ နောက်ဆုံး Checked in နေရာ / ၀က်ဘ်ဆိုက် / Tagged ခဲ့တဲ့ လူနှင့် စာမျက်နှာ၊ Recent Search 15 ခုဝန်းကျင်တို့ကို ရယူခဲ့ကြောင်း သိရပါတယ်။
သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များက အဟက်ခံရတဲ့အထဲမှာ ပါဝင်သလားဆိုတာ ( £https://www.facebook.com/help/securitynotice?ref=sec ) ကိုထောက်ပြီး ၀င်ကြည့်နိုင်ပါတယ်။
ယင်းစာမျက်နှာရဲ့ အောက်ဆုံးမှ သင့်အကောင့်က အဟက်ခံရတဲ့ အကောင့်ထဲမှာ ပါ/မပါကို သိနိုင်ပါတယ်။ တကယ်လို့ အကောင့်အဟက်မခံရဘူးဆိုရင် အဟက်မခံရဘူးလို့ ရေးသားထားမှာဖြစ်ပါတယ်။
Myanmar ICT guide
Source: net guide
Facebook အကောင့် သန်း ၃၀ အဟက်ခံရပြန်ပြီ
Reviewed by Daily Myanmar Media
on
October 18, 2018
Rating:
Reviewed by Daily Myanmar Media
on
October 18, 2018
Rating:


