Myanmar Youth Empowerment Opportunities (MYEO) ရဲ့ Facebook group တည်ထောင်သူ ထက်သီရိရွှေကို Facebook က ဒေါ်လာ ၅၀,၀၀၀ အထိ Fellowship ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
Facebook ရဲ့ Community Leader Program က
အနိုင်ရရှိသူတွေကို ကြေညာခဲ့ပြီး အဲဒီအစီအစဉ်မှာ စာရင်းပေးသွင်းသူ ၆၀၀၀
ကျော် လက်ခံရရှိခဲ့ကြောင်း၊ အဲဒီအထဲက ၁၁၆ ယောက်ကို လူထုအကျိုးပြုလုပ်ငန်း
ဦးဆောင်သူတွေအနေနဲ့ ရွေးချယ်ခဲ့ကြောင်း Facebook က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက MYEO ရဲ့ဦးဆောင်သူ ထက်သီရိရွှေ က fellowship ချီးမြှင့်ခံရတာဖြစ်ကြောင်း သိရပါတယ်။ အဲဒီအစီအစဉ်အတွက် အရွေးချယ်ခံရသူတွေအနေနဲ့ ထောက်ပံ့ကြေးငွေအပြင် Facebook ရဲ့သင်တန်းတွေ၊ mentorship နဲ့ လမ်းညွှန်မှုတွေကို လက်ခံရရှိမှာဖြစ်ကြောင်း၊ facebook ရုံးချုပ်မှာ ပူးပေါင်းလုပ်ကိုင်ဖို့ အခွင့်အရေးတွေလည်း ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
MYEO ဟာ
လူငယ်တွေအတွက် ဦးဆောင်လုပ်ကိုင်နိုင်ဖို့ ဖန်တီးထားတဲ့
ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ အဲဒီပလက်ဖောင်းမှာ အဖွဲ့ဝင် ၇၀၀၀၀
ကျော်ရှိပြီး ၈၀ ရာခိုင်နှုန်းခန့်ဟာ အသက် ၁၈ နှစ်က နေ ၂၄
နှစ်အတွင်းဖြစ်ကြောင်း သိရပါတယ်။
Myanmar ICT guide
မြန်မာနိုင်ငံအတွင်း MYEO တည်ထောင်သူအား Facebook က ဒေါ်လာ ငါးသောင်းအထိချီးမြှင့်
Reviewed by Daily Myanmar Media
on
October 20, 2018
Rating:
Reviewed by Daily Myanmar Media
on
October 20, 2018
Rating:


