ရုတ်တရက် Contacts တွေ ပျောက်သွားရင် ဘယ်လိုပြန်ယူမလဲ ?


ရုတ်တရက် Contacts များ ပျောက်သွားကြောင်းနဲ့ ဒီ bug ကို iOS User အတော်များများမှာ ကြုံတွေ့နေပါတယ်လို့ မူလ post ပိုင်ရှင်က ဆိုထားပါတယ် .. တဆက်ထဲမှာပဲ အဲဒီပျောက်သွားတဲ့ Contacts များကို ပြန်ယူနည်းကိုလည်း ဖော်ပြပေးထားပါတယ် .. လုပ်ရမယ့်နည်းတွေကလဲ လွယ်ကူပါတယ် .. ဘယ်လိုလဲဆိုတော့
ပျောက်သွားတဲ့ Contacts တွေကို ပြန်ယူနည်းများ …
Method 1: Sign out of iCloud and Sign in back

Step 1: Setting >> Apple ID , iCloud , iTunes & App Store >> iCloud ( For 10.3.1 / 10.3 )
Setting >> iCloud ( For earlier iOS )
Step 2: အောက်ကိုဆင်းပြီး Sign Out ကို နှိပ်ပါ ..
Step 3: ပြီးရင် iCloud ကိုပဲ Sign In ပြန်လုပ်ပေးလိုက်ပါ ..
Step 4: အဲဒီ iCloud ထဲက Contacts ခလုတ်ကို On ထားတာ သေချာပါစေ ..
Method 2: Disable Contacts in iCloud and Turn on again
Step 1: Setting >> Apple ID , iCloud , iTunes & App Store >> iCloud ( For 10.3.1 / 10.3 )
Setting >> iCloud ( For earlier iOS )
Step 2: အဲဒီ iCloud အောက်က Contacts ခလုတ်ကို Off ပေးလိုက်ပါ .. ‘ Keep on My iPhone ‘ နဲ့ ‘ Delete from My iPhone ‘ ဆိုပြီး ရွေးချယ်စရာ ( ၂ ) ခု ပေါ်လာပါလိမ့်မယ် .. ‘ Delete from My iPhone ‘ ကိုသာ စိတ်ချလက်ချ ရွေးပြီး နှိပ်လိုက်ပါ .. iPhone ထဲက Contacts တွေသာ ပျက်ပြီး iCloud ကဟာတော့ မပျက်ပါဘူး ..
Step 3: အခုဖုန်းကို reboot လုပ်ပေးရပါမယ် ..
Power Button နဲ့ Home Button ကို တပြိုင်ထဲ နှိပ်ပေးထားရပါမယ် .. Apple logo ပေါ်လာမှ လွှတ်ပေးလိုက်ပါ .. Restart လုပ်တယ်လို့လဲ ခေါ်ကြပါတယ် .. iPhone 7 နဲ့ 7 Plus သမားများကတော့ Volume Down နဲ့ Power Button ကို နှိပ်ပေးရပါမယ် ..
Step 4: ပြီးရင် Setting >> iCloud ( For earlier iOS ) ကို သွားပြီး အဲဒီမှာရှိတဲ့ Contacts ကို ပြန် On ပေးလိုက်ပါ ..
Method 3: Change Groups Settings
Step 1: Phone app or Contacts app ကို ဝင်ပါ ..
Step 2: Phone app ကနေဝင်တဲ့သူက Contacts ကို ထပ်ပြီး ဝင်ပါ ..
Step 3: ဘယ်ဖက်အပေါ်မှာရှိတဲ့ Groups ကို ဝင်လိုက်ပါ ..
Step 4: ‘ All iCloud ‘ ကို အမှတ်ခြစ်ထားတာကို ပျောက်အောင် နှိပ်လိုက်ပါ .. ( Deselect လုပ်ခိုင်းတာဗျာ )
Step 5: ကဲ .. အခု ပြန်ပြီး ‘ All Gmail / All iPhone / Call Manager ‘ စသည်တို့ကို နှိပ်ပေးလိုက်ပါ .. အမှတ်ခြစ်လေးတွေ ပေါ်လာပြီဆိုရင် ရပါပြီ ..
Step 6: ညာဖက်အပေါ်က Done ကို နှိပ်လိုက်ပါ ..
ပြီးပြီဆိုရင် Contacts app ထဲကို ဝင်ကြည့်ပါ .. ဖုန်းထဲမှာ Save ထားတဲ့ Contact Name တွေ ပေါ်လာပါလိမ့်မယ် .. iCloud က Contacts တွေတော့ ပေါ်မှာ မဟုတ်ပါဘူး .. အခု ပျောက်သွားတဲ့ Contacts တွေကို တစ်ခုချင်း ပြန်ထည့်ပေးရပါမယ် ..
Method 4: Restore your iPhone from iTunes Backup
ဒီပြဿနာမဖြစ်ခင် iTunes နဲ့ ချိတ်ပြီး backup လုပ်ခဲ့ဖူးလား ?
လုပ်ခဲ့ဖူးတယ်ဆိုရင်တော့ ပျောက်သွားတဲ့ Contacts တွေကို restore ပြန်လုပ်ပြီး ယူလို့ရပါမယ်..
Step 1: iPhone နဲ့ Computer ကို ချိတ်ပြီး iTunes ကို ဖွင့်ပေးလိုက်ပါ ..
Step 2: iPhone icon လေးကို နှိပ်ပြီး ‘ Summary ‘ page ကို သွားပါ ..
Step 3: ‘ Restore Backup ‘ ကို နှိပ်လိုက်ပါ ..
Step 4: ပေါ်လာတဲ့ backup files တွေထဲကမှ တစ်ခုကို ရွေးပြီး ‘ Restore ‘ ကို နှိပ်လိုက်ပါ ..
ဒါတွေက iPhone ထဲမှ ပျောက်ဆုံးသွားတဲ့ Contacts တွေကို ပြန်လည်ရယူနိုင်မယ့် နည်းလမ်း ( ၄ ) ခု ဖြစ်ပါတယ် ..

ရုတ်တရက် Contacts တွေ ပျောက်သွားရင် ဘယ်လိုပြန်ယူမလဲ ? ရုတ်တရက် Contacts တွေ ပျောက်သွားရင် ဘယ်လိုပြန်ယူမလဲ ? Reviewed by Daily Myanmar Media on November 07, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.