ရိုက်တာသတင်းထောက် ၂ ဦးအမှု စဉ်းစားပေးရန် သမ္မတထံ တင်ပြ

ရိုက်တာသတင်းထောက် ၂ ယောက်ရဲ့ မိသားစုကို ငဲ့ညာတဲ့အနေနဲ့ သူတို့နှစ်ယောက်အတွက် စဉ်းစားပေးဖို့ သမ္မတနဲ့ ဦးဝင်းမြင့်ကို တင်ပြခဲ့တယ်လို့ မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော် သမ္မတ အိမ်တော်မှာ လုပ်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေရဲ့ ကတိသစ္စာပြုတဲ့အခမ်းအနားမှာ မြန်မာသတင်းများကာကွယ်ရေးကော်မတီရဲ့ ဦးဆောင်အဖွဲ့ဝင်နဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ အတွင်းအရေးမှူး ၂ ဦးလှိုင်းသစ်ဝေက သမ္မတကို ပြောဆို တင်ပြခဲ့တာလို့ ဆိုထားပါတယ်။



သမ္မတကတော ဥပဒေနဲ့အညီ လုပ်ရကြောင်းနဲ့ ဥပဒေကြောင်းအရ ပြန်လည် ကြည့်ရှုပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အလဲဗင်းမီဒီယာက ပေးစာ ၁ စောင်၊ ရိုက်တာသတင်းထောက်နှစ်ယောက်ရဲ့ ဇနီးတွေကပေးတဲ့ အသနားခံစာ ၁ စောင်၊ ထောင်သွင်းအကျဉ်းကျခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးက ပေးတဲ့ အသနားခံစာ ၁ စောင်၊ စုစုပေါင်း ၃ စောင်ကို သမ္မတဆီ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒင်းရွာလူသတ်မှုအကြောင်း ဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ထားတာပါ။

ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးရဲ့ ထောင်ဒဏ် စီရင်ချက်အမိန့်ကို လက်မခံနိုင်တာကြောင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၄ အရ အယူခံတင်သွင်းခဲ့ပြီး ရန်ကုန်တိုင်း တရားလွှတ်တော်က လက်ခံထားပါတယ်။
ရိုက်တာသတင်းထောက် ၂ ဦးအမှု စဉ်းစားပေးရန် သမ္မတထံ တင်ပြ ရိုက်တာသတင်းထောက် ၂ ဦးအမှု စဉ်းစားပေးရန် သမ္မတထံ တင်ပြ Reviewed by Daily Myanmar Media on November 23, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.