ကံ့ကော်နီ ရုပ်ရှင်ဇာတ် ကားနှင့် ပတ်သက်၍ ပရိသတ်ဝေဖန်မှုဝေဖ ၎င်း၏ အမြင်ကို သရုပ်ဆောင် ချမ်းမင်းရဲထွဋ်က ပြောသည်။
‘‘ဓာတ်ပုံအောက်မှာ မင်း သမီးက ဝတယ်၊ ပိန်တယ်၊ ပုတယ်တို့ မျိုးစုံဝေဖန်ထားတာရှိ တယ်။ ဒီမင်းသမီးနဲ့ ဒီဇာတ်နဲ့ မလိုက်ဘူးတို့။ ဒါပေမဲ့ အဲဒါက ပရိုဂျူဆာအပိုင်းပေါ့။ ပရိုဂျူဆာ ကတော့ သူတို့ပိုက်ဆံရမယ့် မင်း သား၊ မင်းသမီးကို တင်ရိုက်မှာပဲ။ ရုံမှာ လူလာကြည့်မယ့် မင်းသား၊ မင်းသမီးကို တင်ရိုက်မှာပဲ။ ဇာတ် ကောင်ထဲကအတိုင်း အသားမည်းရမယ်၊ အရပ်ရှည်ရမယ်၊ ဆံပင် တွေပါးရမယ်။ အဲဒီလိုလူကို သတ်မှတ်ထားပြီး တကယ်လို့ အက် တင်မလုပ်နိုင်ဘူး၊ ကိုယ်ကလည်း အချိန်မပေးနိုင်ဘူး၊ ရိုက်ချင်နေ ပြီဆို ဘယ်လိုလုပ်ရမလဲ။ ရုံကို ဝင်ကြည့်ဖို့ရာ အရမ်းရာခိုင်နှုန်း နည်းသွားပြီ။ ပရိုဂျူဆာလည်း ရှုံးမယ်။ Casting (သရုပ်ဆောင် ရွေးပြီး) ခေါ်နိုင်ရင်တော့ ကောင်း တာပေါ့။ ဒါက ပရိုဂျူဆာအပိုင်း ဖြစ်ပွားပြီ’’ဟု ၎င်းက ပြောသည်။
ကံ့ကော်နီဇာတ်ကားကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးနေပြီး သရုပ်ဆောင် အလင်းရောင်၊ ဖွေးဖွေး၊ ရွှေသမီးနှင့် ၎င်းတို့ အဓိကပါဝင်သရုပ်ဆောင်ထား ပြီး အဆိုပါ ဇာတ်ကား၌ ဝတ္ထုထဲတွင်မပါသည့် ချစ်တတ်သော ဆယ်တန်းကျောင်းသား ဆယ် ကျော်သက်အရွယ် လူငယ်တစ်ဦး အဖြစ် ပါဝင်သရုပ်ဆောင်ထား သည်။
‘‘ကံ့ကော်နီထဲမှာ လူဆိုး သိပ်မဟုတ်တော့ဘူး။ လူကောင်း ပေါ့။ နည်းနည်းဂျစ်ကန်ကန် လူ ငယ်အချစ်ကားလေးပေါ့။ ပရိ သတ်တွေ ကျွန်တော့်ကို မြင်စေ ချင်တဲ့ ပုံစံမျိုးပေါ့။ ရိုက်ကွင်းပေါ် မှာ ရက်တိုင်းက ကျွန်တော့်အ တွက် အထူးအဆန်းတွေဖြစ်နေ တယ်။ ရည်းစားကလည်းမရှိ တော့ အချစ် Mood သွင်းရတဲ့အ ချိန် အရမ်းခက်တယ်။ ရွှေသမီးကို ကြိုက်ရတဲ့ ကာရိုက်တာပေါ့။ တော်တော်ကြီးကို Mood သွင်းရ တယ်’’ဟု ၎င်းက ပြောသည်။
ချမ်းမင်းရဲထွဋ်သည် ဒါရိုက် တာ ဝိုင်း၊ အလင်းရောင်၊ ဖွေးဖွေး တို့နှင့် သမ္မတကြီးထံပေးစာ ဇာတ် ကားတွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။
ကံ့ကော်နီဇာတ်ကားကို ဘီးလင်းနှင့် သန်လျင်တွင် ရိုက်ကူးခဲ့သည်။
©7day

ကံ့ကော်နီဇာတ်ကားအပေါ် ဝေဖန်မှုတွေကို မှတ်ချက်ပြုတဲ့ ချမ်းမင်းရဲထွဋ်
Reviewed by Daily Myanmar Media
on
November 21, 2018
Rating:
Reviewed by Daily Myanmar Media
on
November 21, 2018
Rating: