ယခုနှစ်မှာ ဂျပန်နိုင်ငံမြောက်ပိုင်းကို ပျက်စီးယိုယွင်းနေတဲ့ သစ်သားလှေအစင်းရေပေါင်း (၁၀၀) နီးပါး ဆိုက်ကပ်လာပြီးပါပြီ။ လူမပါပဲ ဗလာဖြစ်နေတဲ့ လှေတွေလည်း ရှိသလို တစ်ခါတစ်လေ အလောင်းကောင်တွေ၊ လူရိုးစုတွေပါ လှေပေါ်ပါလာလေ့ရှိပါတယ်။ ဂျပန်နိုင်ငံကတော့ ဒီလှေတွေကို တစ္ဆေလှေတွေလို့ ခေါ်ကြပြီး လှေတွေဟာ မြောက်ကိုရီးယားဘက်ဆီက လာတယ်လို့ ယူဆရပါတယ်။ မကြာခဏဆိုသလို ဂျပန်ရေပိုင်နက်ထဲ လှေတွေ ရောက်ရောက်လာတဲ့အဖြစ်ဟာ ရာသီဖြစ်ရပ်လို့တောင် ဆိုလို့ရနေပါပြီ။ ဒါဇင်ပေါင်းများစွာရှိနေပြီဖြစ်တဲ့ တစ္ဆေလှေတွေကို ဆောင်းဦးနဲ့ ဆောင်းရာသီလေတွေဟာ အနောက်ဘက်ကနေ ဂျပန်ကျွန်းဆွယ်ဆီ တွန်းပို့ပေးနေတာ ဖြစ်ပါတယ်။အခုအချိန် (၂၀၁၇) ခုနှစ်တုန်းကဆိုရင် ဂျပန်နိုင်ငံထဲကို တစ္ဆေလှေ(၄၄) စင်း ဆိုက်ကပ်ခဲ့ပြီး (၂၀၁၆) ခုနှစ်မှာတော့ (၆၆) စင်း ဆိုက်ကပ်ခဲ့ကြောင်း သိရပါတယ်။ တစ္ဆေလှေအမြောက်အမြားဟာ ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းကို အများဆုံး ဆိုက်ကပ်လာတာ ဖြစ်ပြီး လှေအားလုံးလိုလိုဟာ မြောက်ကိုရီးယားကျွန်းဆွယ်ဆီ မျက်နှာမူလျက်ရှိနေပါတယ်။ ယခုနှစ်တွေ့ရှိရတဲ့ လှေတွေထဲက လှေ(၅) စင်းထဲမှာတော့ စုစုပေါင်း လူသေအလောင်း(၁၂) လောင်းကို တွေ့ရှိခဲ့ရပါတယ်။
လေ့လာသူတွေကတော့ ၄င်းလှေတွေဟာ မြောက်ကိုရီးယားရဲ့ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခြေအနေတွေကြောင့် ပင်လယ်ထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို တင်ဆောင်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။ အချို့ကလည်း တစ္ဆေလှေတွေဟာ မြောက်ကိုရီးယားငါးဖမ်းသမားတွေရဲ့ လှေတွေဖြစ်မယ်လို့ ထင်ကြေးပေးကြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်လက်ထက်မှာ ငါးဖမ်းသမားတွေဟာ နိုင်ငံတွင်းငါးဖူလုံစွာ စားသောက်နိုင်ဖို့အရေး ဖိအားပေးခံရမှုတွေ ရှိလာတယ်လို့ United Press International သတင်းဌာနက ဆိုပါတယ်။ဆိုပါတယ်။
ဒါကြောင့် ငါးဖမ်းသမားတွေဟာ အစိုးရရဲ့ သတ်မှတ်ချက်နဲ့ ပြည့်မှီဖို့ ပင်လယ်ပြင်ထွက် ငါးပိုရှာရာကနေ ပင်လယ်ထဲမှာပဲ သေဆုံးကုန်ကြတယ်လို့ ဆိုကြတာပါ။ မြောက်ကိုရီးယားဘက်က လှေတွေ နှစ်စဉ် ဂျပန်ဆိပ်ကမ်းတွေထဲ ၀င်ရောက်လာတာနဲ့အမျှ ဂျပန်နိုင်ငံဟာ လုံခြုံရေးကို ပိုပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေပါတယ်။ ဂျပန်ရေပိုင်နက်ထဲ မျောလာတဲ့ လှေအများစုမှာ အသက်ရှင်လျက်မျောလာသူတွေ တွေ့ဖို့ကတော့ ရှားပါးလွန်းပါတယ်။ ဒါပေမယ့် မနှစ်တုန်းကတော့ ဂျပန်ဆိပ်ကမ်းမှာ အသက်ရှင်လျက်ရောက်လာတဲ့ လက်တစ်ဆုပ်စာ ငါးဖမ်းသမားတွေကိုတော့ မြောက်ကိုရီးယားဆီပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။သိရပါတယ်။
ဂျပန်ဆိပ်ကမ်းတွေဆီ မကြာခဏဆိုက်ကပ်လာလေ့ရှိတဲ့ ထူးဆန်းတဲ့ တစ္ဆေလှေများ
Reviewed by Daily Myanmar Media
on
November 24, 2018
Rating:
Reviewed by Daily Myanmar Media
on
November 24, 2018
Rating:



