အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့အဓမ္မပြုကျင့်တာကို ငြင်းဆန်ခဲ့တဲ့ ၁၅ နှစ်သမီး ကျောင်းသူတဦး ဟာ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရပြီး အပြစ်ပေးတဲ့အနေနဲ့ သစ်ပင်မှာ အလောင်းကို ချိတ်ဆွဲခံခဲ့ရပါ တယ်။
ဒီအဖြစ်အပျက်ဟာ ဥတာပရာဒေ့ရှ်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး မိန်းကလေးဟာ ကျောင်းကနေ အိမ်အပြန်လမ်းမှာ လူငယ်အမျိုးသား ၃ ယောက်က အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာ လို့ မေရာသတင်းမှာ အောက်တိုဘာလ ၃ ရက်နေ့က ဖော်ပြပါတယ်။
အထက်တန်းကျောင်းသူ မိန်းကလေးဟာ အဓမ္မပြုကျင့်ဖို့ ကြိုးစားတာကို ခုခံကာကွယ်ချိန်မှာ အမျိုးသား ၃ ဦးက သတ်ဖြတ်တာကို ခံခဲ့ ရတာလို့ ရဲကဆိုပါတယ်။
သူ့ရဲ့အလောင်းကိုတော့ ကျောင်းဝတ်စုံရဲ့ ပုဝါတစနဲ့ သစ်ပင်မှာ ချိတ်ဆွဲခံထားရတာကို မောင်ဖြစ်သူ အက်ဗ်နစ်ရှ် ယာဒက်ဗ်က အရင်တွေ့ခဲ့ပြီးနောက်မှာ ရွာသားတွေက သိရှိခဲ့ကြတာ ပါ။
ကျောင်းသူရဲ့အလောင်းကို ဆေးရုံမှာ ဆေးစစ်ဆေးချိန်မှာတော့ သူဟာ မသေဆုံးခင်မှာ အဓမ္မပြုကျင့်ခံထားရခြင်း မရှိခဲ့ပဲ ဆွဲကြိုးချတာကြောင့် သေဆုံးခဲ့ရတာဖြစ် ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူလူငယ် ၃ ဦးကိုလည်း အခင်းဖြစ်တဲ့ နေရာမှာတင် တွေ့ရှိဖမ်းဆီးထား နိုင်ခဲ့ပြီး မိသားစုဝင်တွေကတော့ ဒီအမှုအတွက် တရားမျှတစေလိုတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ဦးလေးဖြစ်တဲ့ ယီဗန်ရမ် ယာဒက်ဗ်က “ကျနော့်တူက သူ့အစ်မကို ကောင်လေး တွေ ရိုက်နှက်နေကြတယ်လို့ အရင်အကြောင်းကြားလာခဲ့တာပါ။ ရွာသားတွေ အဲဒီနေရာရောက် တော့ အလောင်းက ချိတ်ထားလျက်သား ဖြစ်နေပြီ။ ကောင်လေးတွေကတော့ ရှိနေတုန်းပဲ။ ကျ နော့်တူမက အဲဒီကောင်လေးတွေနဲ့ ပတ်သက်ခဲ့ဖူးတာမျိုး မရှိခဲ့ပါဘူး”လို့ ပြောပါတယ်။
ရဲပြောရေးဆိုခွင့်ရသူကတော့ တရားခံတွေဖြစ်ကြတဲ့ ရှီဗန်၊ မန်ဂဲလ်နဲ့ ဗီကက်စ် ယာဒက်ဗ်အမည်ရတဲ့ ကောင်လေး ၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
သူတို့ဟာ အနီးနားရွာတရွာက ဖြစ်ပြီး ရှီဗန်ကတော့ သေဆုံးသူ မိန်းကလေးနဲ့ တကျောင်းတည်း တက်နေကြတာဖြစ်ပြီး သိကျွမ်းကြတယ်လို့ ရဲသတင်းမှာ ဖော်ပြပါ တယ်။
လက်ရှိမှာတော့ ဒီအမှုကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
©Daily Myanmar Media
အဓမ္မပြုကျင့်မှုကို ငြင်းဆန်သည့် ကျောင်းသူကို သတ်ဖြတ်ပြီး သစ်ပင်တွင် အလောင်းချိတ်ဆွဲ
Reviewed by Unknown
on
October 04, 2018
Rating:
Reviewed by Unknown
on
October 04, 2018
Rating:


