အင်ဒိုနီးရှားနိုင်ငံ စူလာဝေစီ ကျွန်းပေါ်မှာ မီ်းတောင် တလုံး အောက်တိုဘာ ၃ ရက်နေ့က ပေါက်ကွဲခဲ့ပါတယ်။
အင်အားရစ်ချတ်တာ စကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်နဲ့ ဆူနာမီတို့ကြောင့် လူအယောက် ၁၄၀၀ ကျော် သေဆုံးခဲ့ရတဲ့ စူလာဝေစီမှာ ၆ ရက်အတွင်း မီးတောင် ထပ်ပေါက်ခဲ့တာပါ။
ငလျင်နဲ့ ဆူနာမီဘေး အဆိုးဆုံး သင့်ခဲ့တဲ့ ပါလူမြို့နဲ့ ဆိုပူတန် မီးတောင်ဟာ ကီလိုမီတာ ၆၀၀ လောက် ဝေးပါတယ်။
မီးတောင်ကနေ ပြာတွေ ကောင်းကင်အထက် လေးကီလိုမီတာ အမြင့်ထိ ပန်းတက် ခဲ့တယ်လို့ အင်ဒိုနီးရှား ကပ်ဘေးလျော့ပါးရေး ဌာန ပြောခွင့်ရ ဆူတိုပိုပါဝိုနူဂရိုဟိုက ပြောပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် လူတွေ သေဆုံးပျက်စီးတဲ့ သတင်းတွေ မကြားသိရသေးသလို မီးတောင်ပေါက်မှုကြောင့် လေကြောင်းခရီးစဉ်တွေလည်း ဖျက်သိမ်းထားခြင်း မရှိသေးပါဘူး။
မီးတောင်ပတ်လည် လေးကီလိုမီတာအတွင်းက ဒေသခံတွေ ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့နဲ့ မီးတောင် ဝန်းကျင်က ဒေသခံတွေအနေနဲ့ မီးတောင်ပြာတွေ ပတ်ဝန်းကျင်ကို ကျလာမယ့် ဘေးအတွက် ပြင်ဆင်ထားဖို့ အာဏာပိုင်တွေက သတိပေး ထားပါတယ်။
©DVB
အင်ဒိုနီးရှား စူလာဝေစီကျွန်းပေါ် မီးတောင်ပေါက်ကွဲ
Reviewed by Unknown
on
October 04, 2018
Rating:
Reviewed by Unknown
on
October 04, 2018
Rating:


