မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် လက်ပန်ကျေးရွာအနီး ရေမြောင်းအတွင်း သေဆုံးနေသည့် အမည်မသိအမျိုးသားတစ်ဦး အလောင်းကို ယနေ့ နံနက်ပိုင်းအချိန်က တွေ့ရှိခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရသည် ။
ကျောက်ဆည်မြို့နယ် လက်ပန်ကျေးရွာအဝင်လမ်း၏ ဝဲဘက်ခြမ်း ရေမြောင်းထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်မြို့မ ရဲစခန်းမှ စခန်းမှုး ဒုရဲမှုး ဝင်းဇော်မြင့် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက သွာရောက်စစ်ဆေးရာတွင် သေဆုံးသူအမည်နှင့် နေရပ်ဒေသအားစုံစမ်းမေးမြန်သော်လည်း မသိရှိရသဖြင့်
အလောင်းအား ဓမ္မာတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ရင်ခွဲစစ်ဆေးနိုင်ရန်အတွက် ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပေးပို့အပ်နှံခဲ့ရကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၃၀/၂၀၁၈ ဖြင့်အမှုရေးဖွင့်ထားရှိကြောင်း သိရသည် ။
©Original Uploader
Dail Myanmar Media
ကျောက်ဆည်မြို့တွင် ရေမြောင်းအတွင်း သေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ
Reviewed by Unknown
on
October 04, 2018
Rating:
Reviewed by Unknown
on
October 04, 2018
Rating:


