အခုခေတ်မှာ ဘယ်လိုပဲ Social media တွေ Text msg တွေ Sms ပေါ်လာလာ၊ လက်တွေ့ဘဝမှာ conversation ကို keep up မလုပ်နိုင်ရင်ကတော့ အလကားပါပဲ။
ပတ်ဝန်းကျင်၊ မိတ်ဆွေ အသစ်တွေနဲ့ သိပ်အဆက်ဆံ မပြုရသူဆိုရင်တော့ ပြဿနာ မရှိလှပေမယ့် ကိုယ်က Business သမားတစ်ယောက်ဖြစ်နေမယ်၊ ကဏ္ဍတစ်ခုခုမှာ Voluteer တစ်ဦးဦး ဖြစ်နေမယ်ဆိုရင် စကားပြောခြင်း အတတ်ပညာက မဖြစ်မနေ လိုအပ်လာပါပြီ။
တစ်ဖက်လူက ကိုယ်နဲ့ စကားပြောတဲ့အခါ စိတ်ဝင်စားမှုရှိအောင်၊ သူ့ဖက်ကလည်း သက်တောင့်သက်သာရှိအောင် ကိုယ်က ထိန်းသိမ်းပြောဆိုသင့်ပါတယ်။
(၁) မလိုအပ်တဲ့ topic တွေ ဆွေးနွေးခြင်းကို ရှောင်ပါ
ကိုယ်က ပုဂ္ဂလိက စီးပွားရေးအကြောင်း ဆွေးနွေးချင်တာ၊ ပညာရေးကိစ္စ တစ်ခုခု ပြောဆိုချင်တာမျိုးဆို မလိုအပ်တဲ့ ဘာသာရေး၊ နိုင်ငံရေးလိုမျိုး topic ထည့်သွင်းပြောဆိုတာဟာ risk ယူလွန်းရာကျပါတယ်။ တကယ်လို့ လုပ်ငန်းသဘောအရ ကိုယ်နဲ့ ဆက်ဆံရမယ့် တစ်ဖက်လူဟာ မိမိနဲ့ မတူညီတဲ့ ဘာသာရေး၊ နိုင်ငံရေး ခံယူချက်ရှိသူဖြစ်ခဲ့မယ်ဆိုရင် နှစ်ယောက်ဆက်ဆံရေးမှာ မဆိုသလောက်လေး အဖုအထစ်တစ်ခုခု ရှိသွားနိုင်ပါတယ်။
(၂) နားထောင်ပါ
သူကချည်း စွတ်ပြောနေတတ်တဲ့ conversation တွေကို ခဗျားတို့ ကြုံဖူးကြပါလိမ့်မယ်။ အဲ့တာမျိုးက ကိုယ့်အတွက် တကယ်ကို ငြီးငွေ့စရာကောင်းပြီး စိတ်ကျဉ်းကျပ်စေပါတယ်။ အဲ့လို မဖြစ်ရအောင် တစ်ဖက်လူကို ပြောဖို့ အလှည့်ပေးပါ။ သူ့ ထင်မြင်ချက်တွေ အခြေအနေတွေကိုလည်း ကိုယ့်ဖက်က သိရအောင် သေချာဂရုတစိုက် နားထောင်ပေးပါ။
(၃) မဝေဖန်ပါနဲ့
ဝေဖန်တယ်ဆိုတာ ကိုယ်နဲ့ အတော်ခင်မင်တဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အခြားသော လိုအပ်တဲ့ နေရာတွေမှာသာ ကောင်းတာပါ။ အထူးသဖြင့် သူစိမ်းတစ်ယောက်နဲ့ ပထမဦးဆုံး ပြောဆိုဆက်ဆံကြရာမှာ ဝေဖန်တာက conversation ကို အကျဉ်းတန် စေပါတယ်။ တစ်ဖက်လူအနေနဲ့လည်း ကိုယ့်အပေါ် အမြင်မကြည်မလင် ဖြစ်စေပါတယ်။
(၄) တစ်ဖက်လူ အကြောင်းမေးမြန်းပါ
စီးပွားရေးနဲ့ လုပ်ငန်းကိစ္စ၊ ငွေရေးကြေးရေး ဆွေးနွေးတာမျိုးမဟုတ်ရင် တစ်ဖက်လူရဲ့ လူမှုရေးကိစ္စများကို မေးမြန်းနိုင်ပါတယ်။ နှိုက်နှိုက်ချွတ်ချွတ် မဟုတ်ပါဘူး။ " မောင်နှမ တွေရှိလား "၊ " သားလေးက ဘယ်အရွယ်ရောက်ပြီလဲ၊ လိမ္မာလား " အစရှိတဲ့ ပေါ့ပေါ့ပါးပါး မေးခွန်းတွေကို ပြောဆိုတာဟာ တစ်ဖက်လူနဲ့ ကိုယ်နဲ့ကို ပိုမိုရင်နှီးစေပြီး စကားပြောရတာ သက်တောင့်သက်သာ ဖြစ်စေပါတယ်။
(၅) ပျော်ပျော်ရွှင်ရွှင်ပြောဆိုပါ
ကိုယ်ဆွေးနွေးမယ့်အကြောင်းအရာဟာ အတည်အတံ့ကြီး ဖြစ်နေမယ်ဆိုရင်တောင် ပြောဆိုမယ့်လူ (ကိုယ်) က ပျော်ပျော်ရွှင်ရွှင် ဖြစ်နေမယ်ဆို conversation ဟာ ပိုစိတ်ဝင်စားစရာကောင်းပြီး positive ဖြစ်စေပါတယ်။ အရမ်းဟာသ လုပ်တာမျိုးကိုတော့ ဆင်ခြင်သင့်ပါတယ်။
©Sayar
®Daily Myanmar Media
စကားပြောကောင်းသူတစ်ဦး ဖြစ်ဖို့
Reviewed by Unknown
on
October 13, 2018
Rating:
Reviewed by Unknown
on
October 13, 2018
Rating:


