ဒုကာချုပ်နှင့် ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်အရေး ဆွေးနွေး


မြန်မာတပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာဘာဂျီနာနဲ့ မနေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့အနေနဲ့ အမှန်တရားတွေ ဖော်ထုတ်ပြီး နိုင်ငံတကာက သိရှိအောင် ဆောင်ရွက်နေမှု၊ အရွယ်မရောက်သူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂနဲ့ နောက်ဆုံး ဆက်သွယ်ဆောင်ရွက်နေမှုအခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သိရပါတယ်။

ရခိုင်ဒေသ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဖွဲ့စည်း ဆောင်ရွက်နေမှု၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ခြမ်းမှာ လုံခြုံရေးဆောင်ရွက်နေမှုနဲ့ ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံး အခြေအနေတွေကိုအပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ကုလအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို နိုင်ငံတကာက သိရှိအောင် ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
®Daily Myanmar Media
Photoု-The Mirror
©DVB


ဒုကာချုပ်နှင့် ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်အရေး ဆွေးနွေး ဒုကာချုပ်နှင့် ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်အရေး ဆွေးနွေး Reviewed by Unknown on October 12, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.