အိန္ဒိယတွင် ရထားက လူအုပ်စုကို ၀င်တိုက်၊ ၅၉ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ် အမ်ရစ်ဆာမြို့ ဆင်ခြေဖုံးမှာ အောက်တိုဘာ ၁၉ ရက်နေ့က အရှိန်နဲ့ မောင်းနှင်လာတဲ့ မြို့ပတ်ရထားတစီးက သံလမ်းပေါ်က လူအုပ်ကို ဝင်တိုက်တာကြောင့် အနည်းဆုံး ၅၉ ဦး သေဆုံးခဲ့ပါတယ်။
ဟိန္ဒူရိုးရာပွဲတော်တခုအတွင်း လူရုပ် မီးရှို့တာကို ရာနဲ့ချီတဲ့လူတွေ စုဝေးကြည့်နေစဉ်မှာပဲ မြို့ပတ်ရထားက လူအုပ်ကို ဝင်တိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ရထားလမ်းဘေးမှာ အလောင်းတွေကိုတွေ့ရပြီး ဆွေမျိုး မိတ်ဆွေတွေဟာ အထိတ်တလန့်နဲ့ ရပ်ကြည့်နေတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
ရထားတိုက်မှုကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်ကို ရိုက်တာသတင်းဌာနက ချက်ချင်း အတည်မပြုသေးပါဘူး။ အခုသေဆုံးမှုဟာ ဒီနှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ အဆိုးရွားဆုံး ရထားလမ်း မတော်တဆမှု ဖြစ်တယ်လို့ သိရပါတယ်။
ဒီဗွီဘီ

DVB
အိန္ဒိယတွင် ရထားက လူအုပ်စုကို ၀င်တိုက်၊ ၅၉ ဦး သေဆုံး အိန္ဒိယတွင် ရထားက လူအုပ်စုကို ၀င်တိုက်၊ ၅၉ ဦး သေဆုံး Reviewed by Daily Myanmar Media on October 20, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.