ရန်​ကုန်​- မော်​ကျွန်း ​အောင်​သုခ ခရီးသည်တင်ယာဉ်​ တိမ်းမှောက် ၃ ဦးသေ၊ ၉ ဦးဆေးရုံရောက်


ရန်ကုန်မြို့ကနေ မော်လမြိုင်ကျွန်းမြို့ကို မောင်းနှင်လာတဲ့ အောင်သုခခရီးသည်တင် ကားဟာ ဒီကနေ့ နေ့လယ် ၁ နာရီလောက်က မအူပင်မြို့ ရေလဲလေးကျေးရွာအဝင်နားမှာ သစ်ပင်ဝင်တိုက်တိမ်းမှောက်ခဲ့တာကြောင့် ခရီးသည်အမျိုးသမီး ၃ ဦးသေဆုံးပြီး ၉ ဦးဆေးရုံကို ပို့ဆောင်ခဲ့ရ ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးထွန်းရွှေက “ရန်ကုန်ကနေ မော်ကျွန်းကို ပြန်လာတဲ့ကားပါ။ စလစ်ဖြစ်လမ်းဘေးက သစ်ပင်ကိုဝင်တိုက်ပြီး တပတ်လည်တိမ်းမှောက်ခဲ့ တာလို့ ကနဦးသတင်းရရှိထားပါတယ်”လို့ ပြောပါတယ်။



ယာဉ်မောင်းသက်နိုင်ဦး မောင်နှင်လာတဲ့ အောင်သုခခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦးဟာ ကားပိသေဆုံးခဲ့တာပါ။

ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်သွားကာ ယာဉ်နောက်လိုက် အောင်မျိုးဦး ကတော့ဆေးရုံကို ပို့ဆောင် ကေုသမှု ခံယူနေရတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။

ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာဉ်မောင်း သက်နိုင်ဦးကို မအူပင်မြို့မရဲစခန်းက အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြမင်းဦး(ပုသိမ်)
®Daily Myanmar Media
ရန်​ကုန်​- မော်​ကျွန်း ​အောင်​သုခ ခရီးသည်တင်ယာဉ်​ တိမ်းမှောက် ၃ ဦးသေ၊ ၉ ဦးဆေးရုံရောက် ရန်​ကုန်​- မော်​ကျွန်း ​အောင်​သုခ ခရီးသည်တင်ယာဉ်​ တိမ်းမှောက် ၃ ဦးသေ၊ ၉ ဦးဆေးရုံရောက် Reviewed by Daily Myanmar Media on October 23, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.