ဥရောပသမဂ္ဂ အီးယူက စေလွှတ်မယ့် အဖွဲ့နှစ်ဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီလကုန်မှာ လာရောက်ပြီး အစိုးရဌာန ဆိုင်ရာတွေ၊ အထည်ချုပ်လုပ်ငန်းရှင်တွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့နှစ်ဖွဲ့ဟာ အီးယူက မြန်မာနိုင်ငံအပေါ် ပေးအပ်ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ရုပ်သိမ်းဖို့ မသိမ်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီး လေ့လာဖို့ လာရောက်တာဖြစ်ပါတယ်။
အီးယူရဲ့ နိုင်ငံတကာရေးရာအဖွဲ့နဲ့ ကုန်သွယ်ရေးရာအဖွဲ့တို့ဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အပါအ၀င် စိုက်ပျိုးရေး ၊ စက်မှုကုန်ထုတ်လုပ်ငန်းတွေနဲ့ ဆိုင်တဲ့ အဖွဲ့အစည်း ၄ ဖွဲ့နဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။
Daily Myanmar Media

EUစေလွှတ်မယ့် အဖွဲ့နှစ်ဖွဲ့ မြန်မာနိုင်ငံလာမည်။
Reviewed by Daily Myanmar Media
on
October 23, 2018
Rating:
Reviewed by Daily Myanmar Media
on
October 23, 2018
Rating: