နည်းပညာကိုလိုက်စားတဲ့သူတွေအနေနဲ့ ဟာဝိုင်အီကျွန်းဟာ ရေလွှာလျှောစီးလို့ကောင်းတဲ့နေရာတစ်ခုထက် ပိုပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ ဟာဝိုင်အီကျွန်းဟာ Wireless LAN Technology ကို မွေးဖွားခဲ့တဲ့နေရာဖြစ်လို့ပါ။
ဟာဝိုင်အီတက္ကသိုလ်မှာတော့ Norman Abramson က Wireless LAN Technology ဒီဇိုင်းဆွဲပြီးတော့ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ခဲ့ပါတယ်။
Norman ရဲ့ပြောင်မြောက်တဲ့လက်ရာတွေကို ကမ္ဘာ့ပထမဆုံး Wireless Local area ကွန်ရက်ဖြစ်တဲ့ ALOHAnet မှာ ထင်ထင်ရှားရှားတွေ့နိင်ပါတယ်။
ALOHAnet ဟာ ရေဒီယို signal တွေကိုအသုံးပြုပြီးတော့ ဒေတာအချက်အလက်တွေကို အောင်မြင်စွာထုတ်လွှင့်ပေးနိင်တဲ့ ပထမဆုံးကွန်ရက်ဖြစ်ပါတယ်။
ဒီကွန်ရက်ဟာ နည်းပညာလောကမှာ အခြေခံအကျဆုံးတိုးတက်အောင်မြင်မှုတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
ဟာဝိုင်အီကျွန်းဟာ သူ့ရဲ့သာယာလှပတဲ့သဘာဝပတ်ဝန်းကျင်ကြောင့် နာမည်ကြီးသလို နည်းပညာလောကအတွက် မရှိမဖြစ်လိုအပ်တဲ့ Wireless Network နည်းပညာကလည်း ဒီကျွန်းစုမှာပဲမွေးဖွားခဲ့တာ ဖြစ်ပါတယ်။
ဒေတာအချက်အလက်တွေထုတ်လွှင့်တာတွေနဲ့ နည်းပညာအရင်းအမြစ်တွေကို ဟာဝိုင်အီတက္ကသိုလ်ရဲ့ကျောင်းခွဲတွေနဲ့ အခြားကျွန်းစုတွေကို ဝေမျှဖို့အတွက် ဟာဝိုင်အီကျွန်းက အတော်လေးအရေးပါခဲ့ပါတယ်။
Norman ရဲ့ ALOHAnet ဟာ high-speed data packets တွေကိုအသုံးပြုပြီးတော့ အချက်အလက်တွေကို radio frequencies တွေပေါ်မှာ ထုတ်လွှင့်နိင်တဲ့အတွက် ALOHA Channels လို့လည်း ခေါ်ပါတယ်။
အဲ့ဒီ ALOHA Channel တွေဟာ အခုခေတ်မှာအသုံးပြုနေကြတဲ့ 1G to 4G Broadband တွေအတွက်အရေးပါတဲ့ ဒဏ်ခံနည်းပညာကို သက်သေပြပေးခဲ့တာဖြစ်ပါတယ်။
Norman ရဲ့ ALOHAnet နဲ့ Packet Broadcast နည်းပညာဟာ အဲ့ဒီအချိန်ကအသုံးပြုနေတဲ့ switched-circuit data နည်းပညာကို မြေလှန်ပြောင်းလဲပစ်ခဲ့ပါတယ်။
Ethernet ကိုတီထွင်ခဲ့တဲ့ Robert Metcalfe ဟာ Norman ဆီမှာ အချိန်တစ်ခုယူပြီးတော့ ALOHAnet ကအသုံးပြုတဲ့ Data Packets တွေကို လေ့လာဆည်းပူးခဲ့ပါတယ်။
ဒါကြောင့်မလို့ Norman ရဲ့ Wireless နည်းပညာဟာ Robert ရဲ့ Wirless နည်းပညာရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

WIRELESS LAN နည်းပညာကို တီထွင်ခဲ့သူ NORMAN ABRAMSON
Reviewed by Daily Myanmar Media
on
October 23, 2018
Rating:
Reviewed by Daily Myanmar Media
on
October 23, 2018
Rating: