(၂၀၁၇)ခုနှစ်ကတည်းက ကမ္ဘာကျော်သတင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံက လူသတ်မှုဒိမ်းမှုနဲ့ပတ်သက်ပြီး အခုဆိုရင် ပြစ်မှုကျူးလွန်သူတွေအားလုံးကို ထောင်ဒဏ်ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပြီလို့ သိရပါတယ်။ ဒီအတွက် တရားရုံးကို လာရောက်ကြားနာကြတဲ့ ပြည်သူတွေကလည်း ဝမ်းသာအားရ အော်ဟစ်ခဲ့ကြပါတယ်။
ပြစ်မှုကျူးလွန်သူ (၄)ဦးကတော့ Vernon Witbooi (၃၃)နှစ်၊ Geraldo Parsons (၂၇)နှစ်၊ Nashville Julius (၂၉)နှစ်နဲ့ Eben Van Nieberk (၂၈)နှစ်တို့ ဖြစ်ကြပါတယ်။ အခုဆို သူတို့(၄)ဦးဟာ ထောင်ထဲမှာ တစ်သက်လုံး အရိုးထုတ်ရတော့မယ့် သဘောပါ။
အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသူလေးကတော့ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသူ Hannah Cornelius (၂၁)နှစ်ဖြစ်ပြီး Stellenbosch University မှာ ကျောင်းတက်ခဲ့သူပါ။ သူမဟာ သူငယ်ချင်းကောင်းလေးနဲ့အတူ အပြင်ကနေ ပြန်လာစဉ် လူသတ်မုဒိမ်းသမားတွေရဲ့ ပြန်ပေးစွဲခြင်းခံခဲ့ရပြီး၊ အတူပါလာတဲ့ ကောင်လေးကို အကြမ်းဖက်သမားတွေက အရင်သတ်ခဲ့တာပါ။
ဒါပေမယ့် အဲဒီကောင်လေးက ကံကောင်းထောက်မစွာ မသေခဲ့ပါဘူး။ Hannah ကတော့ သူတို့ (၄)ယောက်ရဲ့ ကားတင်ခေါ်ဆောင်ရာကို ပါသွားခဲ့ပြီး၊ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရပြီးနောက်၊ လူနှစ်ယောက်မမှ ကြွမယ့် ကျောက်တုံးကြီးနဲ့ ရက်ရက်စက်စက် ထုသတ်ခဲ့တာပါ။ Hannah ဟာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေပြီး၊ အခင်းဖြစ်ပြီးနောက် မကြာမီမှာပဲ တရားခံအားလုံးကို ဖမ်းနိုင်ခဲ့ပါတယ်။
အဆိုပါ တရားခံတွေဟာ Cheslin Marsh အမည်ရ ကောင်မလေးကိုလည်း အခုလို ပြစ်မှုကျူးလွန်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူတို့အားလုံးကို အဓိကတရားခံတွေအဖြစ် တရားသူကြီးက သတ်မှတ်ကာ အားလုံးကို လူသတ်ရန်ကြိုးစားခဲ့မှု၊ လူသတ်မှုတွေအတွက် ထောင်ဒဏ်(၂၅)နှစ်-
ဓားပြမှုအတွက် ထောင်ဒဏ်(၁၅)နှစ်၊ Cheslin, Hannah နဲ့ Mimi October တို့ကို ပြန်ပေးစွဲခဲ့မှုအတွက် ထောင်ဒဏ်(၁၀)နှစ်အဖြစ် စုပေါင်းထောင်ဒဏ် အနှစ် (၅၀)စီ အသီးသီး ချမှတ်ခဲ့တာပါ။ ဒါပေမယ့် Nashville Julius ကိုတော့ လူသတ်ဓားပြမှုအတွက် ထောင်ဒဏ်(၁၅)နှစ်၊ ပြန်ပေးမှုအတွက် ထောင်ဒဏ်(၇)နှစ်အဖြစ် ထောင်(၂၂)နှစ်သာ ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။
လင်းသုတ (MyanmarNote)

ကျောင်းသူလေးကို အဓမ္မကျင့်ပြီး ကျောက်တုံးနဲ့ထုသတ်ခဲ့သူတွေကို ထောင်တစ်သက်စီရင်
Reviewed by Daily Myanmar Media
on
November 14, 2018
Rating:
Reviewed by Daily Myanmar Media
on
November 14, 2018
Rating: