လူတော်တော်များများဟာ မြွေလို့ ဆိုလိုက်တာနဲ့ ဥဥပြီးမှ အဲဒီဥထဲက အကောင်ပေါက်တာလို့ စိတ်ထဲတန်းထင်ကြမှာပါ။ မြွေတွေဟာ တွားသွားသတ္တဝါတွေဆိုတာ မှန်ကြပေမယ့် တချို့မြွေ အမျိုးအစားတွေ ကျပြန်တော့ ကလေးမွေးတဲ့အခါ အခြားနို့တိုက်သတ္တဝါတွေလို အကောင်လိုက် မွေးတတ်ကြပါတယ်။တွားသွားသတ္တဝါတွေဖြစ်တဲ့ မြွေပွေး၊ Garter မြွေ၊ Skink အမည်ရှိ မြွေများနဲ့ Jackson’s Chameleon အမည်ရှိ ပုတ်သင်ညို အမျိုးအစားများဟာလည်း အကောင်လိုက် သားမွေးတဲ့ သတ္တဝါတွေပါ။
စပါးကြီးမြွေတွေဟာ Hemisphere တောင်ပိုင်းနဲ့ အီကွေတာအနီးအနား၊ အထူးသဖြင့် အပူပိုင်းဇုန်နားတွေမှာ အများဆုံးတွေ့ရတတ်တဲ့ မြွေအမျိုးအစားတွေဖြစ်ပါတယ်။ အဆိပ်မရှိတဲ့အတွက် တစ်ဖက်သတ္တဝါကို သေစေနိုင်မှာမဟုတ်ဘူးလို့ လျှော့်မတွက်စေချင်ပါဘူး။ စပါးကြီးမြွေတွေဟာ သားကောင်ကို တိတ်တဆိတ်ထောက်လှမ်းပြီးကာမှ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ အသက်သေစေတဲ့အထိ ညှစ်သတ်တတ်ကြပါတယ်။
အသက် (၂) နှစ်မှ (၃) နှစ်သို့ရောက်တဲ့အခါ မျိုးအောင်နိုင်ပြီး သားပေါက်လေးတွေမွေးဖို့အတွက် မိခင်ဝမ်းထဲမှာ အချိန် (၄) လအောင်းနေတတ်ပါတယ်။ တစ်ကြိမ်သားမွေးတဲ့အခါ အများဆုံး (၅) ကောင်မှ (၁၂) ကောင်အထိ မွေးဖွားနိုင်ပြီး မွေးမွေးပြီးချင်းမှာပဲ မိခင်ရဲ့အကူအညီမလိုအပ်ဘဲနေနိုင်နေပါပြီ
တွေ့ရခဲတဲ့ မြွေတို့ရဲ့သဘာဝ ကလေးမွေးပုံအဆင့်အဆင့်
Reviewed by Daily Myanmar Media
on
November 24, 2018
Rating:
Reviewed by Daily Myanmar Media
on
November 24, 2018
Rating:



