တောင်ကုတ်မြို့တွင် ရဲအရာရှိတဦး ရေတွင်းထဲ ခုန်ချအဆုံးစီရင်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မြို့မရဲစခန်း ရဲအရာရှိတဦး နိုဝင်ဘာလ ၂၅ ရက်နေ့ ၇ နာရီခွဲ ဝန်းကျင်လောက်က ရေတွင်းထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားတယ်လို့ တောင်မြို့မ ရဲစခန်းအတည်ပြု ပြောပါတယ်။

တောင်ကုတ်မြို့မရဲစခန်းက ဒုစခန်းမှူးချစ်ထွန်းက “ဒီကနေ့ မနက်ပိုင်းက ၇ နာရီခွဲ ဝန်းကျင် လောက်ဖြစ်သွားတာပါ။ ရေတွင်းထဲ ကိုယ့်ကိုယ်ကိုယ် ခုန်ချပြီး အဆုံးစီရင် သွားတာပါ။ အသေးစိတ်ကိုတော့ မြို့နယ်မှူးကိုမေးပေးပါ ”လို့ပြောပါတယ်။



သေဆုံးသွားတဲ့ ရဲအရာရှိဟာ တောင်ကုတ်မြို့မရဲစခန်းက ဒုရဲမှူးသိန်းနိုင်ထွန်းဖြစ်ပြီး လုပ်ကြံသေဆုံးတဲ့ အကြောင်းအရင်း မသိရှိသေးဘူးလို့ ဒုစခန်းမှူးချစ်ထွန်းက ပြောပါတယ်။

သေဆုံးသွားတဲ့ တောင်ကုတ်မြို့မရဲစခန်းက ဒုရဲမှူးသိန်းနိုင်ထွန်းရဲ့ အလောင်းကို တောင်ကုတ်ဆေးရုံက ရင်ခွဲရုံမှာထားရှိထားပါတယ်။

သတင်း-ဝဏ္ဏခွာညို
တောင်ကုတ်မြို့တွင် ရဲအရာရှိတဦး ရေတွင်းထဲ ခုန်ချအဆုံးစီရင် တောင်ကုတ်မြို့တွင် ရဲအရာရှိတဦး ရေတွင်းထဲ ခုန်ချအဆုံးစီရင် Reviewed by Daily Myanmar Media on November 24, 2018 Rating: 5
//www.powr.io/powr.js?external-type=html
https://www.powr.io/plugins/poll/view?unique_label=af6e26a9_1544939382&external_type=iframe
Powered by Blogger.